۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အသက်ရှူလမ်းကြောင်းပေါ်က နေထိုင်ရာများ


အသက်ရှူလမ်းကြောင်းပေါ်က နေထိုင်ရာများ
_____________
ပန်းရနံ့သင်းသင်းလေး ခပ်ပြင်းပြင်းရှူရှိုက်လိုက်တဲ့လူငယ်တယောက်
ဖောက်ပြန်သွားတဲ့စိတ္တဇရုပ်က ပြုံးပြတယ်

ခက်ခဲသော လျှောက်လှမ်းမှုများနဲ့ ဥပမာ ဥပမေယျကို
လက်ပုတ်နှိုးလိုက်တော့
နွေဟာ အပူရှိန်ပိုပြင်းလာခဲ့တယ်
သစ္စာတရားကို လက်ပေါ်တင်ကြည့်မိပြန်တော့
ရေခဲထုတ်တခုလို အရည်တွေပျော်ကျတယ်။


ပုဒ်မ မချချင်ခဲ့ပဲ ညီမျှခြင်းများများစားစားနဲ့
လှောင်ရယ်သံတချို့နဲ့ တောအုပ်တခုကိုဖြတ်ကျော်လိုက်တော့
တောသား တအုပ်နဲ့ တောရဲ့သားကောင်တခုခုကိုစားသောက်နေကြပုံများ
မမြင်ရက် မကြည့်ရက် သိပ်သနားဖို့ကောင်းတာပဲ။
တောတခုလုံးမီးလောင်သွာ အပြီး
ငါ့အမြီးကို ငါနံ့လိုက်ပစ်လိုက်တာ
ဘေးမှာ ပြာတွေ
ပြာပြာသလဲ ခါခဲပြီး ခူးခတ်သုံးဆောင်ပြန်တော့
ရေမီးအစုံနဲ့ ဒူးတုန်နေတဲ့ ခေါင်းဆောင်တယောက်
ဘာဖြစ်ရပြန်တာလဲ
ခဗျားမှာ အမောဖောက်ရောဂါရှိလို့လား
အမောဖောက်တာ အမောက်မပါလို့ပါတဲ့
ဒီလိုနဲ့
နေမှုထိုင်မှုအပေါ် သစ္စာတခုခုနဲ့ ၀တ္တရားကျေခဲ့တယ်
မေတ္တာပေါ် တင်ထားတဲ့ ညီမျှခြင်းကို ပုဒ်မဖြစ်စေသွားခဲ့တယ်
နားမလည်တဲ့ လေပြည်လေးတွေကို
လေပြင်းနဲ့ မုန်တိုင်း တခု စေလွှတ်ပစ်လိုက်တယ်
ဒါဟာ ခိုင်မြဲခြင်းနဲ့ ခင်တွယ်ခြင်းရဲ့ ရလာဒ်တခုခုပဲ
ဘုန်းကြီးကိုအရေခြုံပြော
ကျောင်းဆရာ ဆရာမကို ဖြူစိမ်းကောင်ပြော
စစ်သားကို အစိမ်းရောင်ပြော
အလုပ်သမားကို အခိုင်းအစေပြော
နာကျင်စရာစကားများများပြောတတ်သူကို ပုဒ်မချပစ်လိုက်လို့ သူငယ်ချင်းကိုလက်တို့ခဲ့တယ်။
အက္ခရာတွေဖြန့်ကျက်ပျံသန်းပါစေ
ညီမျှခြင်းပဲကောင်းပါတယ်
ပုဒ်မ မချမိပါစေနဲ့ ။


စောနေသွေး

MAY 7.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment