۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အဝတ်ဝတ်ထားတဲ့ ဝဋ်များ


အဝတ်ဝတ်ထားတဲ့ ဝဋ်များ
________________
ပိတောက်တွေခုထပွင့်တယ်
တကယ်တော့ ညောင် ရေသွန်းဖြစ်ရမယ်

ငါးပါးရှစ်ပါး ကိုးပါး သီလတခုခုကိုကိုယ်မှာထုံလို့
နေရာတခုခုမှာ လေညှင်းခံပစ်လိုက်တာ
အာရုံငါးပါး ပါးပါးလေးဆွဲထူလိုက်မိသလိုနဲ့
အရင်းနှီးဆုံးရဲ့ သစ္စာ တပိုင်းတစကို သောက်ပစ်လိုက်တယ်
မြောက်ပြန်လေက မြူးတယ်
ထူးကဲစွာထဲ ရူးဆဲစွာနဲ့က
မပွင့်သေးတဲ့ သဇင်ပန်းတွေကိုမျှော်ပစ်လိုက်တယ်
ကဲ စားပါ
ငါ့ကိုယ်တခုလုံးအပိုင်စားပဲ
ငါ့စိတ်တခုလုံ အပိုင်စားပဲ
သံသယတော့ သံသရာထဲမှာမထည့်နဲ့
သွေခွါများများထဲမှာ သွေးအလိမ်းလိမ်းမကပ်သေချင့်
ယဉ်ကျေးမှုအရ ရိုးရာစွဲနဲ့ မယဉ်ကျေးခဲ့ဘူး
စေတနာအစစ်နဲ့ သစ္စာပြုမယ်
မှန်သည် မှားသည်
ကတိတခုတလုံးတယောက်မှာ
ကိုယ့် ဟာကိုယ် သိသည့် စေတီတခုမှာ
အုပ်တချပ် သဲတပွင့်နဲ့
ငါလဲငါထဲမစွဲခဲ့တာအမှန်ပါပဲ
ငါထဲငါများလဲဆွဲသွားခဲ့တာအမှန်ပါပဲ။
ကဲ စားသုံးထားတဲ့
သုံးစွဲထားတဲ့ ဘာသာတခုခုမှာ
မြူမပါစေပဲ လျှောက်ကြစို့။

စောနေသွေး
မေ 10.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment