۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သူသိပါစေ

သူသိပါစေ
_______
အိပ်စက်ခါနီးတိုင်း
အိပ်မက်မှာ သူနဲ့ နီးစပ်ပါရစေ

နိုးထလာတိုင်းလဲ
နိုးတဝက်မှာသူနဲ့ ဆုံဆည်းပါရစေ

ခဏခဏတောင်းဆုများတော့ သူကျန်းမာရဲ့လားတောင်တွေးမိတယ်။
ခဏလေးဘဝမှာ
သူသာ ဘဝကိုပိုင်စိုးနေတယ်။

မိုးဆိုမိုးမို့ မိုးစက်တွေထိခိုက်သွားစိုးရိမ်တယ်
ဆောင်းဆိုဆောင်းမို့ နှင်းစက်လေးတွေ ထိမှန်မှာစိုးထိပ်တယ်
နွေဆိုနွေမို့ လေပြေလေးတွေဖြတ်တိုက်သွားမှာစိုးတယ်

တကယ်တော့သူရယ်
တစ်ဖက်သတ်နဲ့
တစ်ဖက်ကိုသပ်သပ်ရပ်ထားခဲ့တယ်ဆိုတာ
သိနှင့်နေခဲ့တယ်။
_____
စောနေသွေး
AUGUST 21-2017 10:36 PM

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment