۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ရည်းစားစာ

ရည်းစားစာ
________________
ကွဲကျသွားတဲ့ကျောက်သင်ပုန်းတချပ်ထဲမှာ
ခြစ်ထွင်းခဲ့တဲ့ ချစ်ခြင်းတရားများဟာ
သက္ကရာဇ်တွေကို အိုသွားစေခဲ့တယ်။

အမှတ်တရဆိုလို့ ရွာထိပ်ကညောင်ပင်ကြီးရဲ့
ရွက်သစ်လေးတွေဝေတိုင်း ပြေးတန်းကစားခဲ့တာတွေ
တမာတောတန်းလေးတလျှောက်
ရွက်ခြောက်တွေနဲ့ ပစ်ပေါက်ခဲ့တာတွေ
တောင်ပေါ်က စေတီလေးနား
ဆုတောင်းစကားတွေသက်သေပြုခဲ့တာတွေ
အားလုံးဟာ သေခဲ့သလို ရှင်သန်နေတုန်းပဲ။
သူမသည် လှသည်
သူမသည် ပန်းပွင့်လေးကဲ့သို့ မွေးကြူသည်
သူမသည် သူမသို့ စသည့်အက္ခရာတချို့ကို
ပေရွက်အတွင် စူးထက်ထက်ထွင်းခဲ့သည်မှာ
ရက် လ နှစ် တွက်ဆစ်မရလေပြီ။
ရာသီတွေအလီလီပြောင်းလို့
ရွက်ကြွေတွေကို
သယ်ဆောင်သွားတဲ့လေညှင်းတသိုက်ရယ်
မျက်ရည်တွေကို
ယူဆောင်သွားတဲ့ မိုးစက်တွေရယ်
သဇင်တွေလဲ ခဏခဏ နှာစေးနေခဲ့ရ။
သူမသို့မပေးဖြစ်သော
သူမသည်မသိ၍လော
ပေလွှာမှသည် စာရွက်ထက်သို့ ရည်းစားစာလေးငိုခဲ့ပြီ။

စောနေသွေး
JUNE20-2017 10:11PM

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment