۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

စိတ္တဇ စေတနာ

စိတ္တဇ စေတနာ
___________
ခပ်ထွားထွား ဝေဒနာကြောင့်
ခြောက်သွေ့ရင်မှာ
အလွမ်းပင်တွေ အလေ့ကျတယ်
သတိရတိုင်း တိုက်ဆိုင်တယ်
တိုက်ဆိုင်တိုင်းလဲ သတိရတယ်
ကွဲကြေစေတာဖြစ်ဖြစ်
ကြေကွဲစေတာဖြစ်ဖြစ်
စနစ်တကျ လွမ်းတတ်တာက
ငါရယ်လေ
လိုအပ် ဖြည့်ဆည်း ပြည့်စုံစေခဲ့လို့
အလိုအလျှောက် ခွဲသွားတာလား
မမေးရက်သော်လည်း
မမေ့ရက်ဘူးလေ
သတိတရ တမ်းတရင်
လျှောက်ခဲ့ လှမ်းခဲ့
တံခါးတစ်ချပ် လှပ်ထားတယ်ဒီရင်
မင်းပြောတဲ့စကား
ငါနှလုံးသားကြားနေလို့
သိပ်ချစ်တယ်ဆို
အတူလျှောက်ဖူးတဲ့ လမ်း
အတူကောက်ဖူးတဲ့ ပန်း
အတူသောက်ဖူးတဲ့ စမ်း
အခုတော့
ငါ့ကို ခြောက်လှန့်တဲ့
အိမ်မက် ကဝေပျိုတွေဖြစ်လို့လေ
ဝတ်ရည်ကြိုက်တဲ့ ပျားကို
အလွဲ သုံးစားသွားတယ်။
ပြန်လာမယ်ဆို ပြန်ခဲ့
လွမ်းလိုက် မေ့လိုက်
မေ့လိုက် လွမ်းလိုက်
စိတ္တဇည စိတ္တဇနေ့တွေ
အရူးအမိုက်ကို
ဦးခိုက်ပေါင်းများပြီ
ဝေဒနာထဲက စေတနာလေး
ဆုအဖြစ်တောင်းမယ်
မင်းအတွက် ငါလွမ်းမယ်
မင်းအတွက် ငါ နမ်းမယ်
မင်းဘ၀ အနေတော်ရင်
ငါသေပျော်ပါပြီ ချစ်သူရယ်။


_စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment