۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

တုနှိုင်းမဲ့ /မယ့်

တုနှိုင်းမဲ့ /မယ့်
_____________
မိုးလင်းရင် မြေမိုးတခုလုံး
လက်ဆယ်ခုနဲ့ တိုင် တည်ခါ
မေတ္တာ အနန္တ သင်္ချေယထိ ပွားဖြစ်သွားတာများ

ဘုရားတန်ဆောင်း အတွင်းအတွဲတွေမပါဘူး
သစ္စာတရားထက် ကိုယ်ကျင့်သိက္ခာ ပါး ပါးလေးလှီးနေသူတွေ
မိန်းမ ဆိုတိုင်း မိန်း မနေတာမဟုတ်သလို
ယောက် ကျားတိုင်း ရောက်တိုင်း ကျားဖြစ်တာမဟုတ်
နားလည်သင့်သလောက်နားလည်ပါ
ငါလဲကျားမဟုတ်သလို ကျားထဲကကျားပဲ
ကြွေလာတဲ့ ပန်းကို အမြတ်တနိုးထားတတ်မိတယ်
ခြွေဖို့တော့ စဉ်းစားမရအောင်ပါပဲ
အသုံးအနှုံးက မနက်ရေစက်ချရင် သာဓုခေါ် ပစ်လိုက်
ဒါဆို ဝဋ်ကျွတ်လိမ့်မယ်
ခုနေ ခုနေရနေရာ သိက္ခာကိုငဲ့လိုက်ပါ
ခါးသီးတဲ့ တမာကိုကြိုက်ပေမယ့် အခါးကြိုက်တာ တသီးပုဂ္ဂလပဲ
ကဗျာမရော စာမရော
နှာတောထဲကရှုံးထွက်ပါလေ
ငါဟာ ငါနဲ့ မိန်းမသမဂ္ဂဝါဒီတည်ထောင်မထားဘူး
သီးသန့်ပြောဆိုခြင်းသက်သက်ပါကဗျာစရာ။
___________
စောနေသွေး
အေပရယ် 9.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment