۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကျေကွဲခြင်းဖြစ်ရပ်

ကျေကွဲခြင်းဖြစ်ရပ်
......................

ကျေကွဲခြင်းဆိုတာ
အရင်က အရိပ်လေးတွေကိုပြန်တမ်းတခြင်း
အတိတ်လေးတွေက ပျံသန်းလာခြင်းရယ်ပါ

အတိတ်ကအတိတ်
အရိပ်ကအရိပ်
သူ့အထာ သူ့နေရာမှာ
နေသားတကျရှိမနေတတ်တဲ့
လှိုင်းဂယက် ယောက်ယက်ခတ်ခြင်းကြောင့်ပါ

သူအကြောင်း ကိုယ်ပေါ်ရောက်
ကိုယ့်အကြောင်းသူ့ခေါ်လောက်ခဲ့ရင်ဖြင့်

ကျေကွဲခြင်းရယ်
ကွဲကြေခြင်းရယ်
အရာအားလုံးကို
ပေါင်းစပ်ပြီး
အဆုံးသတ်မှာ
နှလုံးရပ်မတတ်ထိအဖြစ်သဲခဲ့ရသည်မဟုတ်လား

ချန်သူလွမ်း
ကျန်သူလွမ်း
အပူစခမ်းကြီးတစ်ခုလုံးက
တခမ်းတနား တောက်လောင်ဆဲ။

တစ်စုံတစ်ယောက်၏ ရင်ဘတ်ထဲက အက္ခရာမျက်ရည်များယိုစီးကျသံအချို့အတွက်



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment