۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

Ƹ̵̡Ӝ̵̨̄Ʒ စွဲလမ်းခြင်း ဇာတ် Ƹ̵̡Ӝ̵̨̄Ʒ





Ƹ̵̡Ӝ̵̨̄Ʒ  စွဲလမ်းခြင်း ဇာတ် Ƹ̵̡Ӝ̵̨̄Ʒ
      .................

ခံစားချက်တွေကို
ဖွင့်အန်ခဲ့တာများလာတော့
ရင်ဘတ်ကလဲ ဗလာဟင်းလင်းပဲကျန်တယ်။

နွေ
နွေတဲ့ နွေးထွေးမှုတွေလွန်လာတော့
အေးမြခြင်းကိုတမ်းတပြန်ရော
တမ်းတတာတွေ အားတက်သရော
မှန်းဆတာတွေ အားတက်သရော
အားလုံးက အမောတွေနဲ့သာ။

ခင်မင်တာတွေကတဆင့်
ရင်ကိုထပ်ဆင့်လာပြန်ရော
အတတ်ပြောလို့မရတဲ့ သံယောဇဉ်က
ဘဝကိုပုံပေးတတ်ကြတဲ့အထိပဲ
အနာဂတ်တောင်ပုံမဖေါ်နိုင်တတ်ကြတော့ဘူးလေ။

ပြောပြစမ်းပါ လောကကြီးရေ
မျက်ရည်တွေ မြေခမှ
နေရမယ်ဆိုတဲ့ စကားအထာတွေက
အထားအသိုမတတ်တဲ့ ကောင်အတွက်
အမှားတွေ အစက်စက်ယိုတယ်
အဲဒါသိလား။

ကြည့်မရတဲ့ ရုခင်းတွေ
မမြင်ရတဲ့ သူ့အဆင်းတွေ
အားလုံးအရှုံးပေးရင်း
အတုံးအရုံးလဲလို့ကျ

အချစ်တဲ့
အချစ်တဲ့
လောကကြီးကို အလှဆင်လို့ရတယ်။

...........စောနေသွေး........
                                        ဆက်လက်၍====>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဆက်/အစက်



အစက်တွေကြား
အတက်တွေများလေတော့
ရတက်တွေပွားပြီပေါ့ကွယ်။

အချစ်နဲ့အမုန်း
အဆုံးမဲ့ အရှုံးတွေနဲ့
ပျော်ခဲ့နေတာ
အရာအားလုံးရင်းပြီးတော့

ခေါင်းစင်တစ်ခုတတ်ပါရစေ

ဟုတ်တယ် မ-ပါပဲ
ချစ်တယ်လို့ပြောတယ်
ပစ်မယ်လို့လဲပြောတယ်

"--မိန်းမတစ်ယောက်ကို ချစ်ဖို့အတွက်
အရက်ကို အရင်သောက်တတ်ရမယ်--"

ငစောသိတဲ့အသိတစ်ချက်ပါ။


ကဗျာချစ်သူတို့ရေ
ကဗျာကိုချစ်တတ်တာပဲကောင်းမယ်မလား

ခပ်ပါးပါး မာယာတွေနဲ့ လှည့်စားနေတဲ့
မာယာမင်းသမီးတွေကတော့
အသာအယာနဲ့ လှည့်ကွက်ဆင်တတ်ရဲ့

ယုံမှား
မိုက်မှောင်
စရိုက်တွေရှောင်လို့
သူမတူတဲ့ အရူးကွက်နဲ့
လှိုက်ဖို လိုက်ရင်း
သူမ ရင်တွင်းမှာပဲ ချာချာလည်ခဲ့။

အဆက်
အဆက်တဲ့
ထပ်ဆင့်လို့ဆက်ခံရတဲ့ အဆက်ပါ။

.................စောနေသွေး
                                        ဆက်လက်၍===>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS