۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အက္ခရာခွင်းတဲ့ ရင်ဘတ်



အက္ခရာခွင်းတဲ့ ရင်ဘတ်
...............

ပျော်ရွှင်မှုအတွက် ငါတို့ ဘာတွေရင်းခဲ့လဲ

ကျော်ထင်မှုအတွက် ငါတို့ ဘာတွေရင်းခဲ့လဲ


ပြောပြဖို့ ကျောချဖို့ 

အောခြခံခဲ့ရတယ်ဆိုတာ ငါရလာဒ်လား 


တပိုင်တနိုင်နဲ့ အနိုင်ပိုင်းခံခဲ့ရ

ချစ် ဖျက်  မုန်း ဖြတ်

အဆုံးသတ်တွေမလှပတာကိုနှစ်သက်နေတတ်သူ


ဝေးလွင့်အောင် အဝေးလွှင့်တယ်

ရင်ဘတ်ကို အရင်သတ်ပါလား


မကျေနပ်မှုတွေရဲ့ 

စတွေးစက်တွေက 

တွေးချက်မပါပဲ ထွေးရက်တယ်ကွာ


တကယ် အစက ညတွေမသိဘူး

အလှတွေမသိဘူး 

အရမ်းခံရခက်တယ်ဗျ


ကဗျာတွေနဲ့ မိတ်ဖွဲ့ခြင်းက 

အက္ခရာတွေသာများလာတယ်

ရင်ဘတ်ကိုမသက်သာစေဘူးဗျ


ဘာကိုဆိုလိုတာလဲ

ဘာကိုလိုချင်တာလဲ

ဘာမှမဟုတ်ဘူး လို့ မှတ်လိုက်ပါ


အရင်လို မလိုအပ်တော့တဲ့နင်

အရင်လိုခင်မင်ရင်တောင် 

ငါကျေနပ်မိမှာပါ


ကဗျာ 

ပုံရိပ်

အတိတ်

အားလုံးတိတ်ဆိတ်သွားရင်

ငစောတစ်ယောက်လဲ 

လဲပြိုသွားပြီပေါ့ ....


စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS