۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

Ƹ̵̡Ӝ̵̨̄Ʒ စွဲလမ်းခြင်း ဇာတ် Ƹ̵̡Ӝ̵̨̄Ʒ





Ƹ̵̡Ӝ̵̨̄Ʒ  စွဲလမ်းခြင်း ဇာတ် Ƹ̵̡Ӝ̵̨̄Ʒ
      .................

ခံစားချက်တွေကို
ဖွင့်အန်ခဲ့တာများလာတော့
ရင်ဘတ်ကလဲ ဗလာဟင်းလင်းပဲကျန်တယ်။

နွေ
နွေတဲ့ နွေးထွေးမှုတွေလွန်လာတော့
အေးမြခြင်းကိုတမ်းတပြန်ရော
တမ်းတတာတွေ အားတက်သရော
မှန်းဆတာတွေ အားတက်သရော
အားလုံးက အမောတွေနဲ့သာ။

ခင်မင်တာတွေကတဆင့်
ရင်ကိုထပ်ဆင့်လာပြန်ရော
အတတ်ပြောလို့မရတဲ့ သံယောဇဉ်က
ဘဝကိုပုံပေးတတ်ကြတဲ့အထိပဲ
အနာဂတ်တောင်ပုံမဖေါ်နိုင်တတ်ကြတော့ဘူးလေ။

ပြောပြစမ်းပါ လောကကြီးရေ
မျက်ရည်တွေ မြေခမှ
နေရမယ်ဆိုတဲ့ စကားအထာတွေက
အထားအသိုမတတ်တဲ့ ကောင်အတွက်
အမှားတွေ အစက်စက်ယိုတယ်
အဲဒါသိလား။

ကြည့်မရတဲ့ ရုခင်းတွေ
မမြင်ရတဲ့ သူ့အဆင်းတွေ
အားလုံးအရှုံးပေးရင်း
အတုံးအရုံးလဲလို့ကျ

အချစ်တဲ့
အချစ်တဲ့
လောကကြီးကို အလှဆင်လို့ရတယ်။

...........စောနေသွေး........
                                        ဆက်လက်၍====>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

စံပယ်ချို said...

ခံစားချက်တွေကို
ဖွင့်အန်ခဲ့တာများလာတော့
ရင်ဘတ်ကလဲ ဗလာဟင်းလင်းပဲကျန်တယ်------------
အဲဒီဗလာထဲကနေ ကာရံတွေထွက်လာတယ်ဟုတ်

roseayemaung said...

ပြောပြစမ်းပါ လောကကြီးရေ
မျက်ရည်တွေ မြေခမှ
နေရမယ်ဆိုတဲ့ စကားအထာတွေက
အထားအသိုမတတ်တဲ့ ကောင်အတွက်
အမှားတွေ အစက်စက်ယိုတယ်
အဲဒါသိလား။
.....ခံစားချက်တွေခင်းကျင်းထားတာလား........

Post a Comment