۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ငါ့ရဲ့နတ်သမီး

 
 
ငါ့ရဲ့နတ်သမီး
.................

ငါ့ကိုမယုရင်

ငါ့ပုံပြင်တွေ နားမထောင်ပါနဲ့

ငါဟာ ပျော်ပျော်နေတတ်တယ်

ငါနဲ့ပတ်သက်လာရင်

ငါပတ်ဝန်းကျင်ကိုလဲ ပတ်သက်ရမယ်

ငါအားနာနာနဲ့

အာနာမပေးချင်ဘူး

ဒိလိုနွေမှာ

ဒီလိုနေတွေပူလောင်မယ်ဆိုတာလဲသိတယ်

ဒီလိုလေတွေလဲအေးမယ်ဆိုတာသိတယ်

ငါရွေးတဲ့လမ်းက

ကြမ်းချင်ကြမ်းမယ်

စမ်းတွေလဲရှိမယ်


ဘရမ်းပတာနဲ့ အကွတ်မဲ့နေတဲ့ဘဝကို

ပေးအပ်ခဲ့တာဆိုတာတော့ ယုံလိုက်

မယုံကြည်မှုကို မယုံနဲ့

ယုံစားခြင်းက ပိုမှားမယ်လေ


တစ်သက်စာ နောင်တကို မပေးဖြစ်သလို

တစ်သက်စာ ပျော်ရွှင်မှုနဲ့ စိးစင်းနေခဲ့တယ်

ငါ

နင်

ငါနဲ့နင်နဲ့ နင်နဲ့ငါနဲ့

အနာဂတ်တစ်ခုလုံးကို ပိုင်စိုးချင်တယ်

အလှပဆုံးကောင်းကောင်မာ

အလှပဆုံးသော

အတောက်ပဆုံးသော

အပျော်ရွှင်ဆုံးသော

တောတစ်ခုပဲဖြစ်ဖြစ်

ငါတို့ဖန်ဆင်းကြမယ်နော်

ချစ်ရတဲ့

ချစ်တယ်ပြောတဲ့

မောင့်နတ်သမိးလေးရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment