۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မောင့်ရဲ့ကဗျာ



မောင့်ရဲ့ ကဗျာ
........
"အကြင်နာတွေ အနမဲ့ အခြေမဲ့
မြေဝဠာခွေ စေခဲ့ ရှည်ခဲ့
မေဗမာရေ ခြွေလှည့် နေခဲ့"

ရင်ဘတ်ကို စစ်ထုတ်ပြီး
ကာရန်တချို့နဲ့ ဇွဲ့တည်
အက္ခရာအစတွေနဲ့ ချည်လို့
ဟောဒီ ကမ္ဘာကြီးကို သိစေချင်တယ်

"ကဗျာတစ်ပုဒ်"ပိုင်ဆိုင်ပြီ လို့
အဝေးရောက် အနီးနေ
သံယောဇဉ်တွေ အခြေချ
ခြားနားခဲ့ ဘဝတွေရယ်
အကြောင်းဆက်ရန်
ကျောင်းထက်ဆန်လို့
အကြိမ်ကြိမ် ဆု မောင်ပြုပါတယ်

ဝါသနာတူတဲ့ ညီမျှခြင်း
မောင်တို့ခင်းကျင်း မယ့် အနာဂတ်
အဝေးက ဆွေးရင်း
တေးသီချင်းတွေ ရေးထွင်းနေပါ့မယ်
ပြန်လာပါတော့
မောင့် ကဗျာငယ်ရယ်.........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment