۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သစ်ခက်ဟစ်သံ



ရွက်အို မြေခ

ကြွေကျ ပျက်စီး

အဆုံးကစ အစကဆုံး

အားလုံးက ကျော်မရတဲ့ စာမျက်နှာတွေလေ

ဆောင်းပြီးရင်နွေဆိုသလို

ဟောင်းပြီးရင် ကြွေရမယ်မလား

အသစ်ထွက် သစ်ခက်တချို့

အားအင်ထုတ် ထင်ရှားစေဖို့မဟုတ်

သဘာဝရဲ့သဘောတရားများ

ဘာများငါတို့ပြောနိုင်မှာလဲ

မငိုပါနဲ့ သစ်ပင်ငယ်ရယ်။

နှစ်အရွယ်ရဲ့ ပြိုလဲခြင်းက

နုပျိုခြင်းနဲ့ တည်ဖွဲ့တာပါ

သူရိန်ဖုံးလို့ပဲ ကြွေကြွေ

ပူရှိန် ရှုံးလို့ပဲ ကြွေကြွေ

ငါတို့တွေ ပျက်သုဉ်းနေပါစေ

ပြုံးပြုံးလေးပဲ နေရမယ်လေ

ငိုမနေပါတော့နဲ့ 

သစ်ပင်ငယ်ရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment