۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မုဆိုးမညနဲ့ အထီးကျန်ခြင်းများ



မုဆိုးမညနဲ့ အထီးကျန်ခြင်းများ
............

အားပါး
ဒီည
ဂီတတွေလဲ မကြားရ
မပီသတဲ့ ညနဲ့
ငါ
ဘာအထာနဲ့ မှ အဆင်မပြေ
ရေတစ်ခွက်သောက်တာတောင်
အရိုးကမျက်သက်သက်

ချစ်သူမုန်း
ဖဲကရှုံးဆိုသလို
ဘာလိုလို့ လိုမှန်းမသိ
အမုန်းလဲမရ
အရှုံးလဲမရ
ခွကြလိုက်တာ ဘဝရယ်
ဘယ်လို ပါရမိတွေက အကျိုးပေးရင့်နေတာလဲ
အထည်းကျန်ခြင်းဆိုတဲ့ နေရာ
ရောက်မှန်းမသိ
ရောက်မိနေပါရောလား

ဟစ်အော်ခဲ့မိတဲ့ ကာရန်များ
ချိတ်ဆက်တွဲခိုနေတဲ့ မျက်ရည်များနဲ့ သီကုံးရင်း
ဒီည
ဂီတမပါတဲ့
မပီသတဲ့ မုဆိုးမ ညနဲ့ ငါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

ညအက္ခရာ said...

ရောက်ခဲ့တယ် ကဗျာတွေ လဲ နှစ်သက်မိပါတယ်

Post a Comment