۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ချောကလက်ရောင်ထတဲ့ကောင်းကင်



ကန္တာရ လွင်ပြင်မှာ


လေပြေတွေရဲ့ ပင့်သက်ချသံက 


ရင်ဝကအစကို ဆွဲထုတ်လို့


အရုပ်တစ်ရုပ်က 

အထုပ်တစ်ထုပ်ကိုစွဲ
အပျိုဖော်ဝင်စ 

လရောင်ဘေးမှာနားတယ်


မျိုသိပ် လွန်းတဲ့စကားကို

တိုးတိုးတိတ်တိတ်ပဲ ကြားစေမယ်


“အမှတ်တရလက်ဆောင်”ပါနော်


ရင်ထဲမှာ စူးနစ် 

ထုဆစ်ခဲ့တဲ့ ဆူးအစစ်ကို 

တ၀က်ကို ၀ှက်ပြီး ခံစားမယ်

“ချစ်တယ် ပြောရင် ဘာဖြစ်လာမလဲ”

သူမမျက်လွှာက မြေပြင်ကိုဖြန့်ခင်း

ရှက်စနိုး ရှက်စတွေ ရှင်သန်လာခဲ့ရင် 

အမှတ်ပြည့်ရတဲ့   

အမှတ်တရဖြစ်ပြီပေါ့


ကောင်းကင်တစ်ခုထဲ 

ရင်ဘတ်က ချောကလက်စုတွေ ကြဲလို့

ပျော်ရွှင်စွာ အမှာတရပ် ထပ်ပေးမယ်

“အမှတ်တရ” ဖြစ်စေနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS