۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

နှုလုံးသွေးနဲ့ စတေးတဲ့ တေး



စွဲစွဲလန်းလန်းကျွမ်းလောင်လို့

ဗလာရင်အတိ ပြာထိ ဖြစ်တဲ့ ရင်တွေ

လောကကြီးရေ

မင်းအတွက် ငါ ပါရမီ ဖြည့်ခဲ့တယ် လို့ဆိုရမလား


ဒဏ္ဍာရီဆန်လိုက်တာ

တဖက်မှာ ဘ၀အတွက် တွဲလက်

တဖက်မှာက သံယောဇဉ်ကြိုးတွေ

ခေါင်းကျကျ ပန်းကျကျ 

ဒေါင်ကျကျ ပြားကျကျ

ခေါင်းဖြတ်ခံရမယ့်ကိစ္စ

အရှေ့ကိုလျှောက် အနောက်ကိုမျှော်

ပေါ်လာတဲ့ကကြမ္မာ

ပျော်စံရာ တစ်စက်မှ မပါဘူးလေ

နှလုံးသားပေါင်းစု

ပေါင်းကူးတံတားအဖြစ်ကိုရွေး

စတေးလိုက်ပါဘိ  နှလုံးသွေးအတိနဲ့

မျက်ရည်ကိုဖုံး အပြုံးနဲ့ဆင်

လောကဇာတ်ကို ကခဲ့ရပြီ

ဖြစ်သလို စား  ပျော်သလိုနေ


ပြေသလို လုပ်  ပြုသလို ပြေး

ပခုံးထက် ခေါင်းထွက်တာချင်းအတူတူ

ရင်ဘောင်တန်း  မြင်အောင်လှမ်း

ဆောင်နန်းကိုခွါ အောင်ပန်းကိုရှာ

ဘ၀တွေနဲ့ ဘ၀င်တွေ့စေ

ပြက္ခဒိန်တွေအထပ်လိုက်

အချိန်တွေ အပြုံလိုက်

မသိသလို မေ့ထားခဲ့ရတယ်

အလှတွေမေ့ပြီး လှေပေါ်တက်

လှိုင်းကိုကျော်  တက်ကိုလှော်

ငါ့ပန်းတိုင်ထိ ရွေ့စေမယ်

အရင်းနှီးနဲ့ ခင်းတဲ့လမ်း

တလှမ်းခြင်း  တစ်လမ်းခင်း

ပန်းခင်းကြီးသာ ဖြစ်ပါစေမယ်။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS