۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ရင်နာခြင်း ရက်စွဲ



ရင်နာခြင်း ရက်စွဲ
.......
ကမ္ဘာတစ်ခုထဲက 

ကဗျာတစ်စုကိုဆွဲထုတ် 

အက္ခရာအပိုင်းစတွေနဲ့ ဖုံးအုပ်

ဖြစ်ညှစ်ဆုတ်ကိုင်ကြည့်မိတဲ့ 

လေပြေရိုင်းလေးရေ.......


လစ်ဟာခြင်းလိုအပ်မှုကို

လှိုက်စား ဆားပက်

ဆက်လက်ရက်စက်


မပျက်ကွက်တဲ့

နှောင်ကြိုးတွေကြောင့်

နစ်၍နာသောအနာနဲ့

အရာရာမနာကျင်ခဲ့ဘူး


နောင်းအိုကေ

နေအကောင်း

ငါဆုတောင်းမိသပ


ပစ်စလက်ခတ်

ပစ်ခတ်ပြီးခဲ့ပြီး

ပြီးသွားမယ်ထင်တဲ့

ပြိုလဲမှုထဲမှာ

အပြုံးလေးနဲ့

ပျောက်ကွယ်သွားစေခဲ့သူပါ


ရင်နာခြင်းရက်စွဲဆိုပေမယ့်

ကြင်နာခြင်းနဲ့ ထုံးဖွဲ့ ထားတယ်


ချစ်သူလိုချစ်သူရေ

ပြုံးနေတဲ့ ပျော်ရွှင်မှုနဲ့

လိုရာကိုသာ ပျံသန်းလိုက်ပါ

လေပြေရိုင်းလေးရေ...........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment