۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အား--ကိုး

 

အား--ကိုး

....s.....
ငြိမ်းချမ်းဖိုအတွက်

စိမ်းလန်းတဲ့ရနံ့ဖြန်းပက်ရင်း

လှမ်းတက်ကြမယ်

ကမ္ဘာကြီးမှာ

ကြမ္မာစီးရာမီးလောင်

လွင်တီးခေါင်ငတ်မွတ်ခြင်းနဲ့

ဆင်းရဲတွင်းငရဲမင်းနှိပ်စက်

ငြိမ်းချမ်းခြင်းအရသာ

မသိလေရော့သလား

သစ်ရွက်ကြွေသံ

ကျေးငှက်သံနဲ့

စမ်းရေစီးမျှော

စုန်တောမြိုင်ယံဆိုတာ

နောင်လာသားပေါက်

ပုံပြင်လောက်ပဲမှတ်တော့မယ်

အချင်းချင်းလဲငြိမ်း

အချင်းချင်းလဲချမ်းသာတယ်

ငါတို့ရဲ့ဌာနီ

ငါတို့ရဲ့ရာသီ

သီးချိန်မသီးရ

ပြီးချိန်မပြီးရ

သတိတရ သတိထားနေရလို့

ပျော့ညံ့တဲ့စိတ်

မြန်မြန်မာလိုက်ပါ

တိုးတက်တာဟာစိတ်အနာတွေနဲ့

ဝမ်းနည်းလိုက်ပါဘိ

ဆိုးကျိုးထွက်စည်းစနစ်တွေက

အဖြစ်ဆိုးနဲ့ရောသွန်းလွန်းတယ်

ငါတို့နေတဲ့မြေ

ငါတို့သောက်တဲ့ရေ

ငါတိုတွေဝယ်ရဦးမှာလား

ပိုင်ဆိုင်ချင်တာမဟုတ်ဘူး

ပိုင်ဆိုင်ခြင်းကိုပြချင်တာ

မြိုင်ဆိုင်ခြင်းနဲ့မြဲစေလို့

တောင်းဆုနဲ့ရွက်လွင့်

ဖွင့်ဖတ်မဲ့သမိုင်းမှာလှစေ

ငါတို့ရေမြေ

ငါတိုတွေပဲပိုင်တယ်



ငြိမ်းချမ်းစွာပျော်စေချင်သောဆန္ဒဖြင့် ...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment