۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မေ့ဖို့ခက်ခြင်း



မေ့ဖို့ခက်ခြင်း
..............
မေ့ဖိုကြိုးစားတိုင်း

သတိရမှုက တအုံ့တခဲ

တိုက်လိုမဆိုင်တောင်

တိုက်ဆိုင်ချင်ခဲ့တာ

အဲဒါ

သတိရခြင်းလား ဟင်ll


မလာမှန်းသိတဲ့လမ်း

ငါမျှော်မှန်းမိတာ

သူမမကြားပေမယ့်

ငါပြောနေမိတယ်လေ


သူမရနံ့ဟောင်းတွေ

သူမ ပုံရိပ်ဟောင်းတွေ

အရာရာသစ်လွင်တောက်ပနေတာ

ငါရင်ဘတ်တစ်ခုထဲပါ


မချိအောင်နာပေမယ့်

မသိယောင်ဆောင်ခဲ့တာပါ

အခုတော့ဟာ


ပင်လယ်ရေက မြစ်ထဲပြန်စီးလို့

အကြောင်းကံက ပြောင်းပြန်တွေပဲ


ငါသတိရခြင်းတသိုက်ကို

မှားမိုက်လိုပဲဖြစ်ဖြစ်

မှာလိုက်ပါရစေ

ချစ်သူပျော်စေကွယ်

♡♡♡♡♡♡

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment