۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အရှုံး--အမုန်း




မျှော်လင့်ချက်တွေရောင်စုံခြယ်

ပျော်ရွှင်မှုတွေ တောက်ပလို့


အရာရာကို ရင်း-ရင်း


အရောတ၀င် အရာဝင်ခဲ့လို့


အရာအားလုံးပြည့်စုံခဲ့ပါတယ်။


ရင်ဘတ်နဲ့ ရင်ဆိုင်

ယှဉ်ပြိုင်မှုတွေ ရပ်တန့်


ရယ်မောမှုတွေသာယုံကြည်ရင်း


လတ်တလော လတ်လတ်ဆတ်ဆတ်ခံစားချက်က 


နာကျင်ခြင်းတွေသာ


နင်ကြင်နာခဲ့တယ်မလား?


မြူးတူးကခုန် မြင့်တက်ခဲ့သောနေရာ


မြည်တမ်းခဲ့ရတာပဲလေ


ဒေါသစစ်စစ်တွေနဲ့ 


ဒီနေရာမှာ ဒီလိုဖြစ်အောင်
ထားပါတော့ 


နားပါတော့


ဒါပေမယ့်


ညာလေခဲ့သူရေ 


ဗျာပွေဖို့သက်သက်တော့ 


ငါ့ကိုမချစ်ပါနဲ့ 


ငါကိုပစ်သာထားလိုက်ပါ


အမုန်းနဲ့ အရှုံးကိုရွေးခဲ့စေပါ


ငါကိုယ်တိုင် ပေးတာပဲယူလိုက်မယ်


တစ်ခုခုကိုပေါ့။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment