۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ယိုစီးလာတဲ့ ရင်လှိုင်းများ



တွေးမိတွေးရာနဲ့ 

ဆွေးမိဆွေးရာလေးဆွဲစားမိလို့ 

လွမ်းလိုက် ဆွေးလိုက် တွေးလိုက် ဝေးလိုက်ပါပဲ

ကျတော်မှာ ချစ်သူတစ်ယောက်ရှိတယ်

ကျတော်ချစ်သူမှာလဲ ချစ်သူတစ်ယောက်ရှိတယ် 

မဟုတ်ဘူး ကျတော်မဟုတ်ဘူး

ရင်ဘတ်တွေခဏခဏအောင့်တယ်ဗျ

အိမ်မက်တွေတိုင်းစိုးမိုး

တရေးနိုးရင်တောင် သူမပုံရိပ်တွေမပျောက်ကွယ်

ရောင်လည်လည်နဲ့ အိပ်ပျက်ညများ

ဝိုးတ၀ါးနဲ့တိုးပွားလာတယ်

သံယောဇဉ်ငယ်ရယ်။

အိပ်မက်လားတကယ်လားကွယ်

ချစ်တယ်ဆိုတော့လဲ ချစ်တယ် 

မုန်းမယ်ဆိုတော့လဲ မုန်းကွယ်တဲ့ 

နားလည်ရခက်ပါလား

ရူးအောင်လုပ်နေတာလား 

ဘယ်သူတွေရဲ့စေခိုင်းချက်ကြောင့် 

ဘယ်လိုဖြစ်နေတာလဲ 

ကျတော်ချစ်သူရယ် 

ကျတော်ချစ်သူပြောတဲ့ သူ့ချစ်သူအကြောင်း

ကျတော် ဆက်လက်နားထောင်ပေးရင်း

ဘ၀ကို ရှင်သန်ရတော့မှာပေါ့ ။


ဒီကဗျာဟာ ကျတော်ချစ်သူကိုရည်၍ရေးထားပါသည် ကျတော်ချစ်သူပြောတဲ့ သူချစ်သူအကြောင်းဆိုတဲ့ အကြည်တော်ရဲ့ ၀တ္ထုလေးရဲ့ ခေါင်းစဉ်ကိုယူသုံးမိတယ်လို့ ၀န်ခံပါရစေ
ကျတော်ချစ်သူက ကျတော်နဲတွေပြီဆို သူ့ချစ်သူအကြောင်းပဲပြောပြနေတော့ ကျတော်ချစ်သူစိတ်ချမ်းသာပါစေလို့ရည်၍အမြဲနားထောင်ပေးရင်းဖြင့်သာ
ကျတော်တစ်ယောက်သူမျက်စိအောက်ကနေ ပျောက်ကွယ်သွားမည်ထင်ပါသည်။

အားလုံးကိုလေးစားလျှက်
စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

မန်းလေးသား said...

ကဗျာလေးအားပေးသွားတယ် ကိုစောရေ ကဗျာဆရာဖြစ်ဖို့သေချာတယ်နော် ခံစားပေးမယ်

မန်းလေးသား said...

ကောမက်ပေးရတာ အဆင်ပြေဘူးနော်ကြည့်လုပ်ဦး ကိုစော

Post a Comment