۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သံယောဇဉ်



သံသရာတစ်လျှောက်

သံသယကိုဖြောက်လို့

တက်ညီလက်ညီ

လှော်ခဲ့သည့် ပါရမီကြောင့် 

မြေဘ၀ဂ်ထိ

ရေစက်အတိရှိခဲ့တယ်မလား။

တူညီတဲ့ ကူညီမှုနဲ့

မဆိုင်းမတွ ဖေးမခြင်းတွေရယ်

ငါတို့ရင်ဘတ်တွေမှာ တွယ်ရစ်ခဲ့ပြီ

သံယောဇဉ်ကြိုးငယ်ရယ်။


နေကောင်းပါစလို့ 

ရေလောင်းကာဆုခြွေ

မြတ်ဘုရားအခြေမှာ

ဆုစကားတွေနဲ့ ပေါ့

ကျမ္မာ ချမ်းသာ ၀မ်းသာဖြာစေ

မေတ္တာတွေနဲ့ နှစ်ကာစေခဲ့သည်မဟုတ်လား။

ရှေ့ရှောက်မယ့်လမ်း

ကြမ်းတမ်းပါစေ

လန်းဆန်းမှုတွေနဲ့ ခရီးဆက်မယ်

ရင်ဘတ်ခြင်းအပ်

သံယောဇဉ်တွေတရစပ်

ငါတို့တွေ အထပ်ထပ်ပတ်မယ်

သံယောဇဉ်တွေရယ်

အော် 

 သံယောဇဉ်တွေရယ်..။ 



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Yoemyaykya said...

ကာရန်တွေနဲ့ ဒီကဗျာလေးလဲ ရွတ်လို့ကောင်းတယ်။

Unknown said...

သူငယ်ချင်းရေ
သူငယ်ချင်းရဲ့ ဘလော့ ဒီဇိုင်းလေးကို နှစ်သက်လို့ မျှဝေပေးပါလားခင်ဗျာ
ကျွန်တော်ကို သူငယ်ချင်းဒီင်္ဇိုင်းလေး မျှဝေပေးမယ်ဆိုရင် onlineking495 ကို ဆက်သွယ်ပေးပါခင်ဗျာ....။
သူငယ်ချင်းစာတွေကိုလည်ူး သဘောကျပါတယ် ...။

Post a Comment