۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကျောခြင်းကပ်ကြေကွဲခြင်း

အနီးလေးဆိုပေမယ့်

သုံးနဲ့လေးလိုလား

ငါတို့အဖြစ်က

မှန်ထဲကအရုပ်ကို စွဲလမ်းသလိုလား

တွဲလက်တွေမကမ်းရပါပဲ

ကွဲလျှက်သာပြန်ရတယ်

နှစ်သိမ့်ဆုလောက်တန်ဖိုးမရှိတဲ့

အောင်မြင်မှုကို အရန်ခုံက မျှော်နေရသလိုလား

လိုလိုလားလား တောင့်တောင့်တတ

စောင့်စားမျှော်လင့်ခဲ့သမျှ

ငါမျက်လုံးမှာအရည်လျှံရုံပဲလား

သွားပါ

နင်ပျော်စံရာဒေသ

နင်ပျော်ဖို့ပဲလိုပါတယ်

နင်ရွေးတဲ့လမ်း ပန်းရနဲ့ပဲသင်းစေပါ

ငါရင်တစ်ခုလုံးက

နင့်အတွက် လက်ဖွဲ့အဖြစ်ပေါ့

ငါရင်အကြွင်းအကျန်မှာ

သံယောဇဉ်   ၉၇၂ ချောင်းတော့

ရှင်သန်ခွင့်ပြုပါနော်။


လေးစားလျှက်
စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment