۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ရင်ကိုရင်း၍ချစ်ပါသည်


သံယော်ဇဉ်ခြောက်ခမ်းလွန်းတဲ့

မ.ရေ

အစာပြေရေတစ်ခွက်အတွက်

ဆာလောင်သူ အဖြေ ထွက်တာက

ကျေးဇူးပါ

နှင်းဆီစူးလို့ ရူးခဲ့ပေမယ့်

နှလုံးသားထိ မထိုးနှက်ခဲ့ဘူးလေ

ပြန်မကြည့်တတ်တဲ့ လမင်းကို

မော့ကြည့်မိတဲ့ ကျတော်သာ

ရူးခဲ့တာပါ

ပြန်မချစ်ပေမယ့် အပြစ်မချန်ခဲ့သူတဲ့

ရန်ဖြစ်ပြီး ရစ်ပြန်သွားတဲ့ သူအကျင့်ကို

ကျစ်လစ်စွာ သုံးစွဲ

အထနကောက်တတတ်တဲ့စကားလုံးကျဲကျဲတွေက

ငါအပေါ်ကို စုပုံကျတယ်

စူးစူးနစ်နစ်

ဆစ်ဆစ်ကိုက်ကိုက်

အတွင်းကိုလှိုက်လှိုက်မြှိုက်တယ်

အထုတ်ရက် မထွင်ရက်

ဟောဒီရင်တစ်ဘက် ကျေတဲ့အထိ

ခဲရာခဲဆစ် မခံစားတတ်ပေမယ့်

ခိုင်မာတဲ့ တစ်ဖက်သတ်ကြိုးကဆိုးတယ်

ကံကြမ္မာရယ်

မျက်စိလည်မလာလို့လေ

မ.မ

အားလုံးကိုမေ့စေဖို့

ရိုးတံကျဲ ရွက်ကြွေတောတွေ

ငါရင်ဘတ်ကိုဖုံးအုပ်လို့

လောင်ကျွမ်းစေလိုက်မယ်

အားလုံးကိုမေ့စေဖို့

ရိုးတံကျဲ ရွက်ကြွေတောတွေ

ငါရင်ဘတ်ကိုဖုံးအုပ်လို့

လောင်ကျွမ်းစေလိုက်မယ်

။.................။
(အမှာ)
ကျတော်ရင်ဘတ်ကကျလာတဲ့ ပြာနဲ့
နှင်းဆီအခြေမှာ မြေဆီဖြစ်စေ
ကျတော်ရင်ဘတ်ကကျလာတဲ့ မျက်ရည်နဲ့
နှင်းဆီပွင့်တွေ လန်းဆန်းပါစေ။

www.sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Phung Nguyen said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

Post a Comment