۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သခင်မအတွက် သစ္စာပန်း



ပျော်ရွှင်မှုကင်းမဲ့တဲ့
မဲ့ပြုံးတစ်ချက်ကြောင့်
စစ်ပွဲတစ်ခုလုါံ်ဆုံးရှုံး
အမုန်းမိုးကိုလက်ထိုးလို့အန်
ငါရင်တစ်ခုလုံး နွေချည်းပဲ
မျှော်လဲမလာ
ပေါ်လဲမလာ
ခေါ်လဲမကြား
အော်လဲမကြား
ရူးသွပ်မှုအပိုင်းစတွေ
ဦးညွှတ်မှုအပိုင်းအစတွေနဲ့
တည်ဆောက်ခဲ့တဲ့ ဒီတစ်ယောက်ဟာ
အရာမ၀င်တဲ့ ရင်မှာ
ရာဇ၀င်တွင်ခဲ့ပြီ
တူမပျော်ရစေ
သူပျော်ရင် ကျေနပ်ခဲ့တယ်
ယူကျုံးမရတဲ့ ရင်မှာ
သူပြုံးပြတာနဲ့ ပဲ ကျေနပ်ခဲ့တယ်
ငါပတ်ဝန်းကျင်မှာ
နင်အရိပ်တွေ
နင့်အတိတ်တွေနဲ့ 
ငေးမောကာ ရောလို့မွှေပြီး
သစ္စာပန်းတွေ ပျိုးထားတယ်။
သခင်မငယ်ရေ
အပြင်ကပဲ မြင်ရမြင်ရ
ဘ၀င်ကျနေမှာပါ
တည့်တည့်မတ်မတ်
သခင်မရဲ့ အပြော
သခင်မရဲ့ သဘော
သခင်မရဲ့ မနော
ငါဇောတစ်ခုလုံးကပ်ညှိတွယ်
လိုက်သွားလိုက်ပါ
ခေါ်ဆောင်သူက သာနေတယ်
ပျော်အောင်တော့ထားလိမ့်မယ်ထင်ရဲ့
ငါ....
သစ္စာပန်းတွေနဲ့သာ
ငါပျော်အောင်နေမှပါ
ငါပျော်အောင်နေမှပါ
ငါပျော်အောင်နေမှပါ
သခင်မငယ်ရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment