۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကဝေပျိုမလေးသို့တမ်းခြင်း(၃)

 
ကဝေပျိုမလေးရေ

နဂိုက မျိုချခဲ့တဲ့စကားတွေ

ငါငိုပြဖို့ အက္ခရာတွေ ဖြစ်ခဲ့ရပြီ

ရက်ရှည်ရှည်မှာ မျက်ရည်ရွှဲတာ

ရှက်စဖွယ်အလားဖြစ်ရပြီ

ကျောက်ရုပ်ကို အသက်သွင်း

အာခံတွင်းမှာငုံရတာမှလွယ်မယ်

စကားတစ်ခွန်းပျားတစ်ဇွန်းလောက်ချိုပေမယ့်

ရှားပါးလွန်းတယ်ဟာ

ကဝေပျိုမလေးရေ

ကျေးဇူးတင်ပါတယ်

နင့် ကျိမ်စာမှာဝိညာဉ်မဲ့တဲ့အက္ခရာအဖြစ်

ငါ့ကိုပါဝင်ခွင့်ရပေးခဲ့လို့

နင့်အလိမ်အညာမှာသာယာမိတဲ့အဖြစ်

တဒင်္ဂကိုဘ၀င်ကျမိခဲ့လို့

ဘာမှမသိတဲ့ဘ၀နဲ့

ဘာမှမထိတဲ့ ခံစားမှုကို

ဘာမှမဖြစ်ပဲ ခံစားခဲ့တာ

အခုတော့ ဘာမှမရှိတော့ဘူးဗျာ

ကဝေပျိုမလေးရေ

နှုတ်ဆက်ပါတယ်

တံလျှပ်ကိုရေထင်ခဲ့လို့

မှားခဲ့ပါပြီ

ထားခဲ့လိုက်ပါ

ဟားတိုက်လို့တော့မသွားပါနဲ့

ပါးရိုက်လိုက်ပါ

နှလုံးသားကိုတော့မထိစေနဲ့

“အားကိုးလို့မရတဲ့ နွား
မြက်ကိုစားတာလွန်တယ်”

ကြိုက်သလိုပြော

ကြုံသလို ရိုက်ပါ

နင်ရှိတဲ့ကမ္ဘာမှာ

ငါရှိနေခဲ့တာ

အနှောက်အယှက်

ဆေးတစ်စက် ဖြစ်မှာဆိုးလို့ပါ

အခုတော့

နှုတ်ဆက်ပါတယ်။


တိုက်ဆိုင်သူတိုင်းခံစားနိုင်သည်
တိုက်ဆိုင်လျှင်ခွင့်လွှတ်ပါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment