۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ပီတိရွှန်းတဲ့ မိုးစက်များ



ပီတိရွှန်းတဲ့ မိုးစက်များ



မျိုးဆက်သစ်တို့ ရှင်သန်ဖို့



မိုးစက်တို့ စိုပက်တဲ့နေ့



လူထုရဲ့ပီတိနဲ့



ညီအောင်ညှိလို့ ဖွဲ့



လက်ခုတ်သံကြားက မျက်ရည်စက



တိုးမရပေမယ့်



ငါတို့ကခဲ့ကြတယ်



ငွေခရုနဲ့ သပြေနု



အမေစုကို လက်လှမ်းလို့



ဝမ်းထဲကလာတဲ့ အပြုံးက



ဆုတောင်းမှု အစုတွေပဲ



အောင်ပင်လယ်အတွင်း



အောင်ဇေယျအခင်းအကျဉ်းနဲ့



အောင်ဆုကိုပိုက်ထွေး



အနာဂတ်အတွက် ရတက်မအေးသူက



ရင်ထဲကစကား နှုတ်ဖျားကို ထွက်စေတယ်



လက်ပေါင်း  ခြောက်ထောင် သောင်းသောင်းဗြဗြ



ယိမ်းအက နဲ့ ကြိုဆို



မိုးစက်ကြားက ရင်ဘတ်နဲ့



တိတ်တိတ်လေး  ဆုတောင်းကြတယ်



ပျော်ရွှင် ချမ်းမြေ့



အသက်ရှည်ပါစေ



…………………….



ပျော်ရွှင် ချမ်းမြေ့



အသက်ရှည်ပါစေ



………


အမေစု ရယ်။





အမေသားစောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment