۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.


ညကိုဖြတ်သန်းကြည့်တော့

ကြယ်တွေ လတွေနဲ့

မဟူရာကြားက လင်းလက်မှု့နဲ့

ပိုးစုန်းကြူးလိုမြူးတူးလို့

ရိုးရိုးလေး မူးရစ်

ထုဆစ်ခဲ့တဲ့ကဗျာ

ဟောဒီကောင်းကင်မှာ ဆွဲချိတ်

တိတ်တဆိတ် မှေးမှိတ် ခဲ့တာ

ငါရင်ဘတ်က စွယ်တော်တွေပဲ

သံစဉ်ဟောင်းနဲ့ ခရီးဆက်

တိမ်ဆိုင်ကြားက အရောင်ပြယ် သက်တံ့အိုတွေ

ကျိုးကြေ  ကြွေကျ

နွေည အရသာ ချိုမြိန်လွန်းတယ်။

အိပ်မက်ထဲက ည

ညထဲက အိပ်မက်

လှလှပပ ကခဲ့လို့

မနိုးထချင် အစိုးမရတဲ့ ရင်မှ တ တယ်

အိပ်မက်ထဲ ၀င်ဝင်

ညထဲ ၀င်ဝင်

လွင်ပြင်ကျယ်က လေရူး

နွေဦးကိုမှာဖြစ်သန်းသလို

ငါ့ဘယ်ရင်ကိုလှိုက်စား

အဖြူရောင်ပ၀ါးပါးကို ဖောက်

ရောက်အောင် လျှောက်တယ်

ညထဲက မိဖုရား

ငါ့တနေရာမှာ ခမ်းနားစွာ

မြန်းလို့လာပါ

လှမ်းလို့လာပါ တော့နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment