۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ဘယ်နေရာမှာနေနေ အလှဆုံးဆိုတာ အမေ



အနံ့သက်ဆိုးဆိုးနဲ့

သူထိုင်နေတဲ့နေရာ

ဘေးဝဲယာနဲ့အောက်ပြင်

ဝန်းကျင်ပတ်လည် အမှိုက်တွေနဲ့

အမှိုက်ကောက်သူမဘ၀လေး…

မသတီစရာ အမှိုက်ပုံထက်

ပြုံးလျှက် ပျော်လျှက်

စိတ်ဆိုးဟန်ပြလိုက်

ပြုံးပြလိုက် ပြောပြလိုက်

အမိန့်ပေးလိုက်နဲ့

ဆရာမစတိုင် ဆရာမဂိုက်ဖမ်း

“လက်ပိုက် လိုက်ဆို“

“ကကြီး ခခွေး“

သားငယ်လေးကိုပညာသင်လျှက်

လ၀န်စက်အလင်းအောက်က

လမင်ထက်သာတဲ့မေတ္တာတွေ ဖြာကျနေတယ်။

ဘေးကမြင်မိတဲ့အဲဒီနေ့

တသက်မမေ့နိုင်ဘူး

အမေဆိုတဲ့ဝေါဟာရနဲ့ သူ့ရဲ့မေတ္တာ

သူ့ဘ၀နားမှာမနေစေချင်

သူ့ဘ၀မခင်စေချင်မှုတွေနဲ့

သားငယ်လေးကိုပညာသင်

အမှိုက်ထဲကရွှေစင်ဖြစ်ဖို့

ဆရာမဂိုက် အိုက်တင်တွေက

ပမာယှဉ်စရာမရှိအောင် လှခဲ့တာ

“အမေ“ဆိုတဲ့ဝေါဟာရနဲ့ သူမဟုတ်လားဗျာ…။

 
သူငယ်ချင်း၏ အမေ့စာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment