۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ရွာထိပ်ကအမေ့ပုံရိပ်



နှင်းများဖွဲဖွဲကျ

အအေးဓါတ်ကစိမ့်ချိန်

အနွေးရှိန်လေးတစ်ခု

ခံစားချက်အစုမှာ ၀င်ရောက်စဉ်

မျက်ဝန်းပြင်တွေလည်း

အောက်သက်သက်နဲ့

ဟို………ဘက်တစ်ချိန်တုန်းက

အမေ့ပုံရိပ်လေးက အနွေးထည်။

ချည်ကြိုးကသန်မာ

ပညာရှာမယ့် သားငယ်ထက်


ပြေးထွက်မယ့်သားငယ်အပေါ်


အချစ်များနဲ့ သံယောဇဉ်ကြီး


မျက်ရည်တွေပင် စီးဆင်းကျ


သြော်………ရွာထိပ်ကပုံရိပ်သွင်


သြော……ရွာထိပ်က မေတ္တာရှင်


အလွမ်းချောင်း အစဉ်မှာ စီးဆင်းခဲ့ပါပေါ့………….။


အသင်ကဗျာဆရာ

ကဗျာရေးချင် အလှမြင်ရတယ်ဗျ

အဆုံးမတွေ့သေးတဲ့ အလှ

ပြောပြမယ် မြင်ဘူးလား……ဆရာ

အမေတဲ့ဗျာ………….။

နှလုံးတည်းနဲ့ကမ္ဘာကိုပြည့်သွားတာပဲ ။

အသင်ပန်းချီ ဆရာ

ပန်းချီ ရေးချင် အလှမြင်တဲ့ဗျ

ဆေးသားတွေတောင် သနစေတဲ့ အလှရှိတယ်

အမေတဲ့ဗျာ ….။

ကမ္ဘာကြီးတောင် အရောင်မွဲသွားတာပဲ ။

ပန်းချီကဗျာ ဘယ်ပညာနဲ့

ဘယ်မှာချယ်စေ …

မေတ္တာမယ်မယ် အမေ၀ယ်ကား

များလှမကုန် အလှစုံလို့

ရှုံးကုန်ကြ လေပြီတကား …..။



သူငယ်ချင်း၏ အမေ့စာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment