۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ညလွမ်းသူ



စက္ကန့်တွေထက်စောတဲ့ 


ခေါက်ရိုးကျိုး အလွမ်းတွေ


ဘယ်ဒီဇိုင်းနဲ့ ခံစားပြရမလဲလေ


အိပ်မက်တွေကို ကွာရှင်း 


ညခင်းတွေကိုပြတ်ဆဲ


မှောင်မဲရင်  မှေးမှိတ်ဖို့ကြောက်တယ်

သတ်ပုံမှားတဲ့ အလွမ်းက


ဘယ်ဘက်ရင်ကို မီးထလောင်တယ်


ဝတ်ကျေတန်းကျေလွမ်းတာမဟုတ်ဘူး


မယဉ်မကျေးကိုလွမ်းတာများ


နေမသိ ထိုင်မသာ ဘယ်နေရာကိုပြေးထွက်ရပါ့


တဒေါက်ဒေါက်ခေါက်တဲ့ တံခါးမှာ


ခါးသီးစွာ ရေးထိုးမယ်


အလွမ်းသမားတွေမလာရ


သူ့အကြောင်း  သူအတိတ် သူအရိပ်


ရစ်ဝဲ  ပျံထွက် ပုတ်ခတ်


အထပ်ထပ်အုတ်ထားတဲ့လက်က 


မျက်ရည်တွေဆိမ့်ထွက်လာတယ်


အရင်က ခြေမွ  သိမ်းဆည်းတဲ့


အပြုံးတွေ အတုံး အရုံး


ထိုးနှက် တိုးထွက်လာတယ်


ကျော်မရ ဖြတ်မရ


ညဆိုတာတွေက


အလွမ်းနဲ့ ဖွဲ့တယ်


အလွမ်းနဲ့ ကွပ်တယ်


စနစ်တကျလွမ်းတတ်အောင်


ကြံဆောင်တဲ့သူမကို 


ကျေးဇူးတင်တယ်


လွမ်းရင်းလွမ်း


လွမ်းရင်လဲ လွမ်း


လွမ်းတိုင်းလွမ်းညတိုင်းလွမ်းပါရစေ


ကောင်မလေးရယ်။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment