۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အချစ်ကြောင့် သောကပင်လယ်ဝေ မေမေ


မြေပြင်ထွက် သစ်ပင်

သီးချိုပင်တွေရှိတယ်

သီးခါးပင်တွေရှိတယ်

သီးမဲ့ပင်တွေရှိတယ်

ပန်းဝေတဲ့အပင်ရှိတယ်

ပန်းမဝေတဲ့ အပင်ရှိတယ်

ဘယ်လိုပင်ရှိစေတော့

မြေပြင်ကတော့ ပေးဆပ်မြဲပါပဲ…..။

အမေ့ရင်ခွင်ထွက် ရင်သွေး

ဆိုးတဲ့ သားသ္မီးတွေရှိတယ်

ကောင်းတဲ့ သားသ္မီးတွေရှိမယ်

ဘယ်လိုပင်ရှိစေတော့

အမေ ကတော့ ပေးဆပ်မြဲ ချစ်မြဲပါပဲ….။

လောကဓံကြမ်းကြောင့် ထွက်

စကားလုံးတွေ ဆိုးချင်ဆိုးမယ်

ကိုယ်အမူရာတွေ ကြမ်းချင်းကြမ်းမယ်

ဘယ်လိုပင်ဖြစ်စေတော့

သူ့ဘ၀ထဲက သားသ္မီးတစ်ယောက်ထွက်သွားခဲ့ရင်

အချစ်ကြောင့်………

အမေဟာ……သောကဆင်းရဲကို

ပင်လယ်ရေသောက်သလို သောက်ခဲ့ရတယ်

အဲဒါ….အချစ်ကြောင့်ပါပဲဗျာ……….။



















ပြာသိုလ်လပြည့် အမေ့နေ့ အမှတ်တရ

သူငယ်ချင်း၏ အမေ့စာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment