۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ဆောင်းညတစ္ဆေ



ကမ္ဘာကြီးရဲ့ ခွန်အား


ညွှန်ကြားမှုတွေက


ငြိမ်သက် မှောင်မဲ

တိတ်ဆိတ်တဲ့လေညှင်းက 


လမိုက်ညကို မွေးဖွားတယ်။



အလှပဆုံးရာသီ



အယာဉ်ကျေးဆုံးဥတု


အလိုက်ဘက်ဆုံးနှင်းပွင့်


အစအဆုံးဘ၀ရှုံးစေခဲ့တဲ့ 


ဆောင်းညတစ္ဆေကိုတော့


အကြင်နာ  မိဖုရားလေးက မွေးဖွားတယ်။



အကြောက်အကန် အိမ်မက်တစ်ပုဒ်


မွေးထုတ်ဖို့ ကြိုးစားသူ


သွေးဆောင်ဖြားယောင်း


မာယာတစ်သောင်းနဲ့ ချစ်ပွဲဆင်သူ


ဒီကရီလွန် စကားတွေနဲ့

နှင်းဆီနှုတ်ခမ်းပါး

ပါးပါးလေးလှီးသွားသူက

အထားအသှိုမတတ်တဲ့ ငါ့ကို

သတိရမှုတွေ  ကျဖိတ်စင်စေတယ် ။



အပြောင်းအလဲကြားက 


ဟောဒီဆောင်းည

အတင်းအကန်  ညင်းဆန်မိတယ်

ရပ်ပေးကြပါ

နားပေးကြပါ

တော်ကြပါတော့

မေ့လိုက်ပါတော့မယ်

လောက က ဆောင်းည

ထွက်သွားချင်တယ်

ဆောင်းမရှိတဲ့ ကမ္ဘာ 

မင်းမရှိတဲ့နေရာ
ဖန်ဆင်းပေးကြပါ

နှလုံးသားမမဲ့တဲ့သူ

အပြစ်မဲ့တဲ့သူ

ကယောင်ကတန်းအော်ဟစ်

အဖေါ်အဖြစ်အစားထိုး

လရောင်တွေကိုမော့သောက်ကြည့်တယ်

ခါးသက်သက်ပဲ

သတိရတာကိုမေ့

လောကကြီးကိုမေ့

မေ့......မေ့

အားလုံးကိုမေ့လို့ရတာတွေမေ့ဖို့

မေ့လို့ရတာ မေ့ပေမယ့်လေ

သတိတရ မေ့ခဲ့တာက

ဟောဒီဆောင်းညတစ္ဆေကိုပဲ
အတွေးမှာ ဆွေးနေမိတယ် လေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နတ်သ္မီးရေးတဲ့ကောင်းကင်



ငါ့ကောင်းကင်ရဲ့

တိမ်ဆိုင်တွေကြား

ကြယ်စင်တွေ ဆိုက်လို့

ခပ်လှိုက်လှိုက်ရင်ကို

တိုက်ခတ်တဲ့လေညှင်းမှာ

စိတ်ကလေးတွေ ရွက်လွှင့်လို့

လွပ်လပ်

ပျော်ပါး

စော့ကစားဖို့

ကောင်းကင်တစ်စုံ

ရေးတင်လိုက်ပြီ

ခံစားချက်တူတဲ့လူ

အတူတူနေလို့ရတဲ့ကမ္ဘာ

ပျော်စရာနေရာကြီးပေါ့

အကြင်နာတွေနဲ့ရင်းပြီး

မေတ္တာဘွဲ့တမ်းခြင်း သီဆိုတဲ့ 

တီတီတာတာ မပီကလာနဲ့

ပျံသန်းနေကြတဲ့ငှက်ငယ်တွေ

အပြန်လမ်းမှာ ပန်းတွေဝေလို့ပေါ့

လေပြေဝှေ့တဲ့ တိမ်ဆိုင်လေးတွေ

ငါ့ကောင်းကင်မှာ ခ,စားတယ်

ကြယ်တွေပြောတဲ့ပုံပြင်ထဲမှာ

ငါဟာနတ်သ္မီးတစ်ပါးတဲ့

ကောင်ကင်ကြီးရဲ့ခြေရင်း

ကဗျာတွေလမ်းခင်း

ကိုယ်ရံတော် လမင်းရဲ့

ဦးခိုက်မှု့ဟာ

နတ်သ္မီးရဲ့ပျော်ရွှင်ခြင်းပဲလေ

လမင်းရဲ့အလင်းတွေ

ကောင်းကင်ပေါ်ဖြန့်ကျဲ

နတ်သ္မီးရဲ့ ဆံနွယ်ထဲ

လေပြေတွေရဲ့ပန်းရနံ့တွေသင်းလို့

ပျော်ရွှင်ခြင်း

လွပ်လပ်ခြင်း

ခင်းကျင်းထားတဲ့ကောင်းကင်ဟာ

နတ်သ္မီရေးတဲ့ကောင်းကင်ပေါ့

လမင်းတစ်စင်းရဲ့ 

ရင်ထဲကအလင်းကြောင့်

နတ်သ္မီးရဲ့ကောင်းကင်ဟာ 

သာယာပြီး

သာယာနေပါတော့တယ်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခေါင်းစဉ်မဲ့နေပေမယ့်လေ



သို့.........  


သားတော်မောင် အတွက်

အမေစာရေးလိုက်တယ်ကွယ် အမေ့သားလေး နေကောင်းတယ်နော် 

မင်းအဖေလဲနေကောင်းပါတယ်

သားအတွက်တော့


ရေဦးပဲငပိကြော်....၂..ဗူး

မုံရွာက မင်းအဒေါ်ပြန်လာလို့ ..မြေပဲလှော်..တပြည်လောက်ထင်တယ်

သားသုံးစရာမရှိမှာစိုးလို့လေ  ငွေကတော့ အဆင်မပြေပေမယ့် 

မင်းညီမလေးကရော  ပေးလိုက်တယ်...(၂၀၀၀) ကျပ်

သားလေး လိမ္မာအောင်နေနော် ကျမ္မာရေးဂရုဆိုက်ပါ 

ငွေလိုရင်စာပါးလိုက်နော်

တော်သေးပြီ.


ပျော်ပါစေ သားကြီး.

သားချစ်တဲ့ အမေ 

ပြာသိုလ်လဆန်း(၅)ရက်(၁၃၆၂)ခု


အမေ့ရဲ့မေတ္တာတွေကတော့ ဒီထက် မက များပြားလှပါတယ်အမေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS