۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကယ်တင်ရှင်သို့တမ်းခြင်း



အမေ

ကမ္ဘာတစ်ခွင်မှာ

နှိုင်းယှဉ်စရာကင်းတဲ့
မေတ္တာတွေနဲ့

နွေခါဆို အအေး

ဆောင်းခါဆို အနွေး

မိုးခါဆို နွေးထွေးစေမယ့်

ကြင်နာယုယ မှုတွေ ပေး

သားသမီးတို့  ဘ၀လုံခြုံစေဖို့

ဘ၀ပေး သင်္ခန်းစာတွေ 


လက်တွေ့ကျကျ သင်ပြ


နှလုံးလှတဲ့အမေ


လောကဓံကိုငနောက်က


မိသားစုဘ၀အတွက်


ဆင်းရဲခြင်းကိုစေလွှတ် 


ပတ်ဝန်းကျင်က


ကဲ့ရဲ့ခြင်းတွေပေးလွှတ်


ကံကြမ္မာ မှုန်တိုင်း


ဝုန်းဒိုင်းကြဲပေမယ့်


မိုးထဲ နှင်းထဲ  နေပူထဲမှာ 

အမေ့ခြေလှမ်းတွေ 


တုံဆိုင်းမသွားဘူး


တစ်အိမ်တက် 


တစ်အိမ်ဆင်းနဲ့


မိသားစုဝမ်းရေး


ရှာကြွေးတဲ့ အမေ 


မိသားစု ဘ၀ရဲ့


ဒုက္ခအဖုံဖုံကို


ရင်ကိုကော့ 


ခေါင်းကိုမော့


ပူလောင်မှုသောက 


မြေမှာချထားပြီး


အပြုံးမပျက် 


အမုန်းမဖက် 


ခရီးဆက်တဲ့ အမေ


ကြင်နာမှု မေတ္တာတရား တွေ 


ချပြခဲ့တဲ့ အမေ


ဒီလိုနဲ့
ဒုက္ခရဲ့စစ်သည်တွေကများတော့


ဘ၀တိုက်ပွဲမှာ


အမေ အလဲထိုးခံခဲ့ရတယ် 


အရှုံးကိုမနှစ်သက်ပေမယ့်


ခပ်ပြုံးပြုံးနဲ့ပဲ

လောကကြီးကို ထာဝရနှုတ်ဆက်


ထွက်ခွါခဲ့ရတဲ့ အမေ



အမေရေ


အမေ့ဘ၀ လက်တွေ့ချပြခဲ့ပေမယ့်


ရင်လူးသွေးသားသားသမီးများက


''သတိမမူ ဂူမမြင် "ဟု


ရှေးလာစကားပမာထားကာ


မြင်အောင်မကြည့် 


သိအောင်မကျင့်


သွေးသားချင်းချင်း

အမုန်းတွေပွား


အငြိုးတွေထားတော့


အဆိုးတွေများတယ် အမေ

မေတ္တာရဲ့သဘာဝ


စည်းလုံးအထာက မိသားစု သာယာမှုတွေကို


နားမလည်ဘူးအမေ


ဒါနဲ့ပဲ


အသက်တွေကြီး


နေ၀င်ခါနီးတာတောင်


အမှားကို အမှန်ထင်
အမှန်ကို အမှားမြင်ရင်း


ဒုက္ခသောင်တင်ကြတော့မှ

မရှိတော့တဲ့ အမေကို တ


ခလုတ်ထိမှ အမိတ ဆိုသလိုပ


"အမေ ကယ်ပါဗျ"တဲ့လေ ။











  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

zaw shane said...

ဒီလိုနဲ့
ဒုက္ခရဲ့စစ်သည်တွေကများတော့


ဘ၀တိုက်ပွဲမှာ


အမေ အလဲထိုးခံခဲ့ရတယ်


အရှုံးကိုမနှစ်သက်ပေမယ့်


ခပ်ပြုံးပြုံးနဲ့ပဲ

လောကကြီးကို ထာဝရနှုတ်ဆက်


ထွက်ခွါခဲ့ရတဲ့ အမေ

Post a Comment