۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အာမခံရဲတဲ့ အမေ့အလှ


အမေနဲ့ ဝေးဖို့

ပညာက ကျတော့်ကို တွန်းထုတ် 

အထုပ်ကလေးပိုက်လျှက်

မြို့သို့ထွက်ရတော့မယ့် အချိန် 

စိတ်ထဲမှာတော့ ဆုတောင်းနေမိတယ် 

ပြုံးပြုံးလေး နေလိုက်ပါမေမေရယ်။


အမေ့ကို မျက်ရည်ကျစေလို့

မျက်ဝန်းရဲ့ ကမ်းစပ် 

သောကလှိုင်းကြမ်းတို့ ရိုက်ချက်ပြင်း

ပါးမို့မို့ ၀င်းဝင်း လေးထက်မှာ

ကျတော် မေမေ့မျက်ရည်ကိုတွေ့ခဲ့တယ် ။


ရင်ထဲမှာ အပူလုံးဆို့ 

ပညာတတ်ဖြစ်ဖို့ ကျောခိုင်းချင်ခဲ့

အမေနဲ့ ဝေးတဲ့ အရပ်ကိုကျောခိုင်းချင်ခဲ့ 

သားရဲ့ စိတ်ဘ၀င် ကို ထိုးဖောက်

မေမေရယ် သိနေတယ်တဲ့လား။


နာကျင်နေတဲ့ အသံနဲ့ တွန်းထုတ် 

"သား..ပညာကိုကြိုးစားသင်နော်"

''သား  အမေ့အတွက် ဘာမှ မပူနဲ့''

'' သား ပညာတတ်ကြီးကို အမေမျှော်နေမယ် ''တဲ့ 

လမ်းခွဲမှာ ၀မ်းနည်းတဲ့ နာကျင်မှုတွေ စတေး

စည်းစိမ်ရော ခန္ဓာပါ ပေးဆပ်မြဲ ပေးဆပ်တယ်။


မေမေထက် သာတဲ့ မေတ္တာရှင်

မေမေ့ထက်သာတဲ့ ကရုဏာရှင်

မေမေ့ထက်လှတဲ့ ပန်းသခင်ကို 

လမင်းတစ်ထောင် အလင်းပြ 

မျက်စိကဋေ များစွာနဲ့ 

လောကတစ်ခွင် ရှာဦးတော့ 

မေမေ့ထက်သာတဲ့ 

မေမေ့ထက်လှတဲ့ သူကို 

မတွေ့နိုင်ဘူးဆိုတာ

သား.....အာမခံရဲတယ်  မေမေ။


(http://temple.ellamey.com မှ ပုံကိုယူသုံးပါသည် ။)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment