۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ချစ်ခြင်းအတွက်ဂုဏ်ပြုတေး


ကောင်မလေးရေ

မင်း ပစ်ခွင်းလိုက်တဲ့

ချစ်ခြင်းရဲ့ကြည်တစ်တောင့်

ငါ့ရင်ထဲကို ခြေသံမဲ့ဝင်ရောက်နေတာ

ငါ…မသိခဲ့လို့ပေါ့………

ခုတော့ဟာ…….

နမောနမဲ့နိုင်ခဲ့တဲ့ ငါ့အသည်း

အဖော်မဲ့ကာမှယိုင်လဲပြီထင်ပ


မင်းကိုတမ်းတခြင်းတွေက

စိတ်ဝိညာဉ်တစ်ခုလုံးကိုဝါးမြို

သက်ပြင်းတွေအကြိမ်ကြိမ်ပြိုကျလို့

နောင်တ တွေလဲချာချာလည်နေရပါပြီ…

မင်းမသိနိုင်တော့ပေမဲ့

မင်းရှိနိုင်မဲ့အရပ်ကိုမှန်းမျှော်ကာ

နမောနမဲ့နိုင်ခဲ့တဲ့ ငါ..

မင်းရဲ့ချစ်ခြင်းတွေအတွက်

ငါ့ရဲ့ဆုလာဘ်အဖြစ်

မျက်ရည်မြစ်တစ်စင်းနဲ့

ဂုဏ်ပြုလိုက်ပါတယ် ကောင်မလေးရယ်………။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment