۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကျူးပစ်မသိတဲ့ နှလုံးသား



ဆောင်းသုံးခု...

မိုးသုံးခု....

နွေသုံးခု..

သက္ကရာဇ် အတော်များများ

ရင်ဘတ်တစ်ခုလုံးနဲ့

တောနင်းပြီးရှာဖွေခဲ့တာတောင်

ရေမှတ်တဲ့သမင်ရဲ့တံလျှပ်လို

အချစ်က လိုက်လေ ဝေးလေ

ရင်ဘတ်နာတာကလွဲလို့

ဘာသဲလွန်စမှ မရခဲ့

ကြာပြီ

သိင်္ဂါရခါးခါးများ

တရှိုက်မတ်မတ် ရူရှိုက်နေတာ ။

ဒီလိုနဲ့
အရွယ်တော တစိတ်ဟိုင်းတဲ့

နှစ်ဆယ်ကျော် အစိတ်ပိုင်းထဲ

အချစ်သစ်ဆိုတာကလာည်း 

ကိုယ်နှင့် မဆိုင်သလို

ဘာသိဘာသာ

ဘ၀ကို စိတ်တိုင်းမကျလိုက်တာများ

တနှစ်ကုန်တိုင်း 

ကိုယ့်ကိုကိုယ် တခါမုန်းတယ်။။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment