۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အမေချစ်တဲ့သားမိုက်



မျှော်လင့်ချက်နဲ့

သစ်ပင်ကိုပျိုး 

စည်းတွေလည်းခတ်

ကိုယ့်မြေကွက်ထဲ
လုပ်စရာလုပ်

ပျော်စရာပျော် 

နားစရာနား 

ထားစရာထား

ထည့်စရာထည့်

ငါ ဘာမှားလို့လဲ

သူက မှန်ဆရာလား 

သူမှန်သလား

ငါ့အမှား ကမ္ဘာလား 

ဘာမပြောညာမပြော

ငါ့သစ်ပင် တွေ ရိုက်ချိုး

ငါ့မျှော်လင့်ချက်ကျိုးကျ 
နဲနဲတော့  ခံရခက်

ငါမမိုက်ပါဘူး

သစ်ပင်ကိုလဲထပ်စိုက်မယ် 

မျော်လင့်ချက်လဲ ထပ်ထားမယ် 

သူကိုမနိုင်လဲ

သူကိုတော့ 

အရှုံးမပေးဘူး 

အမေကပြောတယ် 
သားမမိုက်ပါဘူး

သားကမမိုက်ပါဘူးတဲ့

သားကိုသိပ်ချစ်တယ်

အမေ ချစ်တာ အဲဒီသတ္တိ

အမေချစ်တာ အဲလိုဘ၀ထဲ

သားကြိုးစားသွားမယ် အမေ........။        ။






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးဖတ်ခွင့်ရလို့ ကျေးဇူးပါ

Post a Comment