۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကျန်သူရဲ့လွမ်းသစ္စာ



ကျတော်ရဲ့ အချစ်တွေက
အနော်ရထာ အတွက်အပြစ်တွေပေါ့
ဒါတွေကိုမသိလေရော့သလားစန္ဒာ
မှန်ရာကိုပြန်ကာပြောရင်
မချစ်လို့မှ မဟုတ်တာ
မမျှတခြင်းဆိုတဲ့ ဂုဏ်ဒြပ်က
ခြားမှန်းမသိ ခြားခဲ့ပြီ စန္ဒာ
ဆုံးရုံးရပြီဆိုတဲ့ အသိ
မငြိတငြိတွေက
အထိနာတယ် စန္ဒာ
မျက်တောင်မခတ် လှခဲ့ပေမယ့်
မျက်မှောင်ချကာ နေနေရပြီ  စန္ဒာ
ရံခါရံခါ ပြန်ကာကြုံရင်တောင်
ရင်ထဲက ဒါဏ်ရာက
တစိမ့်စိမ့်တက်ခြင်းဆိုတဲ့
နာကျင်မှုတွေက  ဝေဆာလို့ပေါ့
ငါ့နှလုံးသွေးနဲ့ရေးတဲ့ သစ္စာ
အပြစ်မပါ ချစ်စွာနဲ့ပဲ
ပျော်ရွှင်ပါစေသား
ဆုတောင်းပေးပါတယ် စန္ဒာ
ဆုတောင်းပေးပါတယ်
                   

 စောနေသွေး(ရေဦး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment