۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ဖြတ်ရခတ်တဲ့ ကြိုးတစ်ချောင်း


အလဲလဲ အပြိုပြိုနဲ့
ရွှဲရွှဲဆိုခဲ့တဲ့ မျက်ရည်စက်တို့က
ခေါင်းအုံးထက်မှာမှေးစက်နေသလို
ချစ်သူရဲ့နဘေးက
ဝေးရမယ်ဆိုတဲ့ အသိတစ်ချက်
လက်ကနဲပေါ်လာတာနဲ့တင်
အသက်ရှူခြင်းတွေပါ ရပ်ချင်တယ်…
ပက်သက်ခဲ့သမျှ အမှတ်တရတွေကို
ဖြတ်ချဖို့ ကြိုးစားပေမယ့်
မသိစိတ်ထဲမှာတော့
တိုးပွားနေဆဲအချစ်တွေက
တွက်ရေလို့မရ …
အခက်ပွေတဲ့ဘ၀မှာ
စွဲလန်းခြင်းတွေနဲ့
အသည်းကျွှမ်းလု ချစ်ခဲ့တဲ့…ငါ
မြတ်တ်နိုးခြင်းတွေနဲ့
ရိုးရိုးရှင်းရှင်းချစ်ခဲ့တဲ့…ငါ
မိုးလင်းက မိုးချုပ်
မင်းအကြောင်းတွေကို ဆုပ်ကိုင်ထားတဲ့…ငါ
ရစ်ပတ်မိတဲ့ သံယောဇဉ်ကြိုးကို
ဘယ်လိုဓါးမျိုးနဲ့ ဖြတ်တောက်ပစ်ရမှာလဲကွာ…။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment