۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အရသာမဲ့တဲ့ ချောကလက်



လေရူးတွေက နွေဦးကိုသယ်ဆောင်ချိန်
မတတ်မသာ ရင်ထဲက ဖတ်စာကို
လှစ်ဟပြချင်ရဲ့
မနေ့က
ရေတွက်လို့မရတဲ့ ရေစက်တွေကြောင့်လားမသိ
ဘ၀တစ်ခုကို အပိုင်စားရခဲ့တယ်
ငါပစ္စုပ်ပန်မှာ အနာဂတ်အရောင်တွေ လင်းလက်လို့
ငါ့သစ်ပင်မှာ ဝေဆာစိုပြေလို့
ငါစာမျက်နှာမှာ ကဗျာတွေပြည့်လျှံလို့
လှချင်ပချင်တဲ့ သူမကို
လှခြင်းပခြင်းတွေ လက်ဆောင်ပေးလို့
ဒီနေ့တော့
တိတ်တဆိတ် အတိတ်တွေက
အရိပ်တစ္ဆေလို စိတ်နေစရာမရှိချင်တော့
နေမြဲနေနေတာကို ကျေကွဲစရာတွေကလဲ
ဝင်သက်ထွက်သက် မလစ်လပ်တော့ဘူး
ငါ့သစ်ပင်ရဲ့ ဝေဆာစိုပြေတာတွေ
နွေတရာအလို ဖြစ်ခဲ့ရပြီ
ကဗျာတစ်ပုဒ်အတွက် စာမျက်နှာတွေ ပျောက်ဆုံးကုန်ပြီ
နှစ်သက်ခဲ့ဖူးတဲ့ ချောကလက်တွေဟာ
ဒီနေ့တော့
အရသာမဲ့နေပါရောလားကွယ်…………….
စောနေသွေး(ရေဦး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment