۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မဟူရာညရဲ့ မာယာများ


စကားတွေ သီကုံးတဲ့ ည
မဟူရာ ပ၀ါပါးတစ်စ ဖုံးလွမ်းလို့
ညောင်ညိုပင်ကြီး သက်သေ
လေပြေလေးတွေ သက်သေ
ချစ်ခြင်းရဲ့ သင်္ကေတ
၃၉-ခုမြောက်မာယာထဲမှာ တွေ့တယ်
စုံလုံးကန်းလို့လား
အကုန်လုံးလွှမ်းလို့လား
လားပေါင်းများစွာ မေးခွန်းတွေ
တခါသေဖူးလို့
ပြင်ဖိုးနားလည်သင့်ပြီ
ညပေါင်းများစွာ ထဲက
ညာပေါင်းသွားတဲ့ ည
လမင်းကြီးကိုတောင် အားနာတယ်
တသက်လုံးမုန်းမရတဲ့ အပြုံးတွေ
တညလုံးဆုံးမရတဲ့ စကားလုံးတွေ
နောက်သိရတာ
၃၉-မြောက်မာယာ တဲ့
တခါထပ်သေဖို့
အားအင်မရှိတော့ပြီမို့
နားလည်သင့်ပြီ………………..


စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment