۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ရင်ခတ်လှိုင်း





လက်မှာ ဗလာဆိုပေမယ့်

နောင်တတွေနဲ့ မျက်ရည်တွေကို

သား ပွေ့လာခဲ့တယ် အမေ

သားဝတ်ခဲ့တဲ့ ဆောင်းည၀တ်ရုံဟာ

နွေဆယ်စင်းနဲ့ ချုပ်လုပ်ခဲ့ရင်

မပဍာ ဦးနောက်တွေ 

နံနက်စာ စားသုံးရတော့ မယ် အမေ

ဟုတ်ကဲ့

အပူမီးဟာ မီးရဲ့အပူမဟုတ်

မီးကိုထိတွေ့သူသာ ပူလောင်စေတယ်  တဲ့

မျက်ရည်နဲ့ ရေစက်ချချင်တယ်ဆို

မဟော်ခက်တဲ့ ပဍာစိတ်နဲ့ 

ဟောဒီဝိညာဉ်ကိုတော့

သေအံ့မူးမူး လိပ်ပြာတွေကို ဖန်ဆင်းခွင့်ပေးပါ အမေ

လမ်းစဉ် အချို့ကို လှမ်းမြင်လို့လဲ မဟုတ်ပါအမေ

သဲစုအများ ပေါက်ဖွား အဆူဆူမှာ 

မတ္တာတွေနဲ့ အေးမြစေကြတယ်အမေ

လိုအပ်ရင် ရင်အပ်လို့ ပေးခဲ့ဖူးကြပေါ့ အမေ

စွန့်လွှတ်ဖို့ ခွင့်လွှတ်ပါ အမေ

              ကြားတယ်          



    
အမေ့ မျက်လုံးထဲက ငိုသံတွေ

အမေ့ ရင်ဘတ်ထဲက မျက်ရည်တွေ

သောကနဲ့ ညှိတဲ့ မီးစ

အမေ ဖွာရှုက်နေပြီလား

မငို လိုက်ပါနဲ့ အမေ

နောင်တဖေါင်ဟာ တစစီကွဲ

သောကမျက်ရည်တွေ ကြားမှာ

သားလက်ပန်းကျနေပြီ အမေ

အမေ

မှုန်ရီနေပေမယ့်

မတုန်ရီတဲ့ လက်ဖြင့်

မျက်ရည်ရွှန်းတဲ့ မျက်လုံးပေါ်မှာ

ဂုဏ်တော်အနန္တ 

ဦးချကန်တော့ပါတယ် အမေ။

     

  စောနေသွေး(ရေဦး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment